ငွေဆောင် စက်တင်ဘာ ၂၃
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့သို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမှ ပြန်လည် ဝင်ရောက်လာသူ(၁)ဦးအား ငွေဆောင်မြို့ဝင်ဂိတ်မှ အ.ထ.က ငွေဆောင်ကျောင်းရှိ Facility Quarantine Centre တွင် ယနေ့နံနက်ပိုင်းက ထားရှိပြီးကြောင်း သိရသည်။
အဆိုပါ Facility Quarantine Centre တွင် ရန်ကုန်တိုင်းဒေသကြီးမှ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည် ဝင်ရောက် လာသူ ကျား(၇)ဦး ၊မ(၁)ဦး စုစုပေါင်း(၈)ဦးအား ထားရှိပြီး လိုအပ်သော ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်
မူမူသွင်(ပြန်/ဆက်)