ကြံခင်းမြို့တွင် အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂမှ နှာခေါင်းစည်းMaskများ ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေး အသိပေး နှိုးဆော်မှုများ ဆောင်ရွက်

ကြံခင်း စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် အခြေခံပညာပညာရေးလုပ်သားများသမဂ္ဂမှ ကိုဗစ်-၁၉  ရောဂါ ကူးစက်ပြန့်နှံမှု အန္တရာယ်မှကင်းဝေးစေရန် နှာခေါင်းစည်းMaskများ ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေး အသိပေးနှိုးဆော်မှုများကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ မြို့မဈေးနှင့်ဗိုလ်ချုပ်လမ်း တစ်လျှောက်တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်မှုကို ကြံခင်းမြို့ အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂဥက္ကဋ္ဌ ဦးကျော်ဇေယျာဖြိုး ဦးဆောင်ပြီး ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု အန္တရာယ်မှ ကင်းဝေးစေရန် နှာခေါင်းစည်း Mask အခု(၁၅၀၀)ကို ဖြန့်ဝေပေးခဲ့ကြကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များပါဝင်သော ကျန်းမာရေး အသိပညာပေး ဗီနိုင်းပိုစတာအား ပြည်သူများသိရှိစေရန် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)