ရေဦး စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ အရပ်ဘက်အဖွဲ့အစည်းများပူးပေါင်း၍ ပိုးတွေ့ ဒေသမှပြန်လာသူ ၁၃ ဦးအား Community Base Facility Quarantine တွင်ထားရှိပြီး တတိယအကြိမ်အဖြစ် ၎င်းတို့၏ အာခေါင်နှင့် နှာခေါင်းတို့ပတ် (Swab) များရယူ၍ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက် ခံထားရခြင်းရှိမရှိ ဓာတ်ခွဲစစ်ဆေးနိုင်ရန် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ယနေ့ နံနက် ၁၀ နာရီက ပေးပို့ခဲ့ကြောင်း သိရှိရသည်။
အာခေါင်နှင့် နှာခေါင်းတို့ပတ် (Swab) များ ရယူဓာတ်ခွဲ စစ်ဆေးနိုင်ရန်အတွက် မြို့နယ် ကုတင် (၁၀၀) ဆံ့ပြည်သူ့ဆေးရုံ ကျန်းမာရေးဌာန ကြီးကြပ် (၂) ၀န်ထမ်းနှင့် အကူ၀န်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြကြောင်း၊ မိမိဇာတိသို့ နည်းမျိုးစုံဖြင့် ပြန်လာသူများကိုလည်း ခရီးသွားရာဇ၀င်များဖြင့် စစ်ဆေးပြီး ကန့်သတ်စောင့်ကြည့် လျက်ရှိကြောင်း သိရသည်။
သန်းထိုက် (ရေဦး )