ကျိုက်လတ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီက ဈေးများအား အသိပညာပေးစစ်ဆေး

ကျိုက်လတ် စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယနေ့နံနက် နာရီခန့်ကစ၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ကော်မတီက မြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဈေးများအား ပညာပေး စစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးအောင်သူဝင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းထိုက်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ရီရီမြင့်၊ စည်ပင်သာယာရေးအဖွဲ့မှ ဒုဦးစီးမှူး ဦးမျိုးမင်းဇော်၊ ကျန်းမာရေး ဦးစီးဌာနမှ ဦးကျော်ဆန်းထွန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းဌေး တို့ပါဝင်သော အဖွဲ့သည် အောက်ရွာလေးဈေးအတွင်း ရောင်းချလျက်ရှိသော ဈေးဆိုင်များတွင်  ဈေးရောင်းသူ၊ ဈေးဝယ်သူများ အနေဖြင့် နှာခေါင်းစည်း(Mask)များ တပ်ဆင်ထားခြင်း ရှိ/မရှိ၊ လက်ဆေးရန် နေရာထားရှိခြင်း ရှိ/မရှိ၊ စားသောက်ကုန် ရောင်းချသည့် ဈေးဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချမှု ရှိ/မရှိ တို့ကို စစ်ဆေးခဲ့သည်။

ထို့နောက် ဈေးအတွင်း ()နေရာခွဲ၍ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန် ဈေးဆိုင်များနှင့် ဈေးဝယ်သူများ လိုက်နာရမည့် အချက်များ၊ နှာခေါင်းစည်း(Mask) တပ်ဆင်ရာတွင် စနစ်တကျ တပ်ဆင်နည်းနှင့် စွန့်ပစ်နည်းများ၊ စနစ်တကျ လက်ဆေးနည်းများကို အသိပညာပေး စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ရီရီမြင့်(ပြန်/ဆက်)