ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် မြို့ဝင်ဂိတ်၌ အထူးကြပ်မတ် စစ်ဆေးဆောင်ရွက်

ကဝ စက်တင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး အတွက် အရှိန်အဟုန်မြှင့်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ များ၊ စေတနာရှင် ပြည်သူ များက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရာ ကျန်းမာရေးစစ်ဆေးခြင်းနှင့် လူဝင်လူထွက် စောင့်ကြပ် ကြည့်ရှု စစ်ဆေးခြင်းတို့ကို ကုန်စည် စီးဆင်းမှု မပြတ်လပ်စေရန် ယနေ့ နံနက် (၇)နာရီ မှစတင်၍ အမှတ်(၅)ရပ်ကွက် မြို့ဝင် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် မြို့နယ်အတွင်းသို့ အခြားနေရာနှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် နေရာဒေသများမှလာရောက်ကြသူများ၊ ခရီးသွားများနှင့် မော်တော် ယာဉ်များ အားလုံးတို့ကို ကျန်းမာရေးစစ်ဆေး ပေးခြင်း၊အဝင်/အထွက် ကြည့်ရှု စစ်ဆေးခြင်း တို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ ၊ မြို့နယ် မီးသတ်ဦးစီးဌာန ပူးပေါင်းကာ အရှိန်အဟုန်မြှင့်၍ စောင့်ကြပ်ကြည့်ရှု ဆောင်ရွက် နေလျက်ရှိရာ ခိုင်လုံသောအထောက်အထားပြသနိုင်ရန် လိုအပ်ကြောင်းနှင့် စည်းကမ်းနှင့် မညီညွတ်ပါက သတ်မှတ်ထားသော စည်းကမ်းများအတိုင်း Quarantine ဝင်ရမည်ဖြစ်ကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)