လင်းခေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများထောက်ပံ့

လင်းခေး စက်တင်ဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်း‌ခေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့ နံနက်(၁၁)နာရီ အချိန်ခန့်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများကို တာဝန်ရှိသူတို့မှ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။

ထိုသို့ပေးအပ်ရာတွင် ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပေးပို့လာသော လက်သန့်ဆေးရည် Hand Sanitizer 4 lit (၁)ဘူး၊ (500 ml) အသေး(၂)ဘူး၊ GAD တံဆိပ် ပါးစပ်နှင့် နှာခေါင်းစည်း Mask (၁၉၈)ခု၊ PPE ဝတ်စုံ(၂၃)စုံအား ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုစေရန်  နိုင်ငံတော်၏ကိုယ်စား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် တာဝန်ရှိသူတို့မှ အထွေထွေ အုပ်ချုပ်ရေး ဝန်ထမ်းများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

လင်းခေးခရိုင်(ပြန်/ဆက်)