ပုဇွန်တောင် စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများကို ထားရှိနိုင်ရန် Quarantine Centre များကို ဖွင့်လှစ်ခဲ့ပြီးအဆိုပါ Quarantine Centreများမှ ထွက်ရှိသော အမှိုက်များနှင့် မြို့နယ်အတွင်း အသွားအလာ ကန့်သတ်ထားသော lockdown နေရာများမှ ထွက်သော စွန့်ပစ်အမှိုက်များကို မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများမှ ယမန်နေ့နံနက်ပိုင်းက အမှိုက်ကားဖြင့် လာရောက် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ထိုသို့သိမ်းဆည်းရာတွင် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် PPE ဝတ်စုံ၊ လက်အိတ်၊ Maskများ စနစ်တကျ ဝတ်ဆင်၍ ဆောင်ရွက်လျက်ရှိပြီး အမှိုက်များအား ဆေးရုံ၊ ဆေးခန်းသုံး အမှိုက်သိမ်းယာဉ်ဖြင့် လှည့်လည်သိမ်းဆည်းပြီး အမှိုက်များကို မင်္ဂလာဒုံ မြို့နယ်ရှိ လှော်ကားမီးရှို့စက်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
နေခြည်(ပြန်/ဆက်)