သဘာဝဘေးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ Talk Show Online တင်ဆက်မှု အစီအစဉ်ဆောင်ရွက်

ကော့သောင်း၊ စက်တင်ဘာ ၂၄

သဘာဝဘေးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ Talk Show  အစီအစဉ်တစ်ရပ်ကို အွန်လိုင်း လွှင့်တင် အသိပညာပေးနိုင်ရေး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကော့သောင်း ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ခရိုင်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့ မွန်းလွဲ၁နာရီက   ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာတွင် ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဆွေးနွေးမှုအစီအစဉ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးတင် မောင်မောင်ဝင်း က နိုင်ငံတစ်ဝှမ်းဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ် အမျိုးအစားများ ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် မိုးများသည့် ကမ်းရိုးတန်းဒေသများတွင် အများဆုံးဖြစ်ပွား လေ့ရှိသည့် မုန်တိုင်းဘေး၊ စူနာမီဘေး၊ မြေပြိုဘေး ၊ရေကြီးရေလျှံမှု ဘေးအန္တရာယ်များဖြစ်ပေါ် လာပါ သတိပြုဆောင်ရွက်ရမည့် သိသင့် သိထိုက်သည်များ၊ ထိုအပြင်အချိန်နေရာမရွေး ကျရောက်နိုင်သည့် မီးဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ ရှောင်ရန် ဆောင်ရန်သိသင့်သည်များ၊ မိမိတို့ဦးစီးဌာနမှ သဘာဝဘေးဒဏ်သင့် ခဲ့သည့်ပြည်သူများကို ပြန်လည် ထူထောင်ရေးနှင့်ကူညီကယ်ဆယ်ထောက်ပံ့မှု လုပ်ငန်းဆောင်ရွက်ပေးနေမှု အခြေအနေများ အားလည်းကောင်း၊ ကော့သောင်းခရိုင်၊ မီးသတ်ဦးစီးဌာနခရိုင်မီးသတ်စခန်းမှူး ဦးရဲဝေဦး က မီးသတ်ဦးစီးဌာနမှမီးဘေးအန္တရာယ် ကျရောက်လာပါက ဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများ ၊ ထိုအပြင်သဘာဝဘေးအန္တရာယ်အမျိုးမျိုးမှ လိုအပ်သည့် ရှာဖွေကယ်ဆယ်မှုလုပ်ငန်းများ ပူးပေါင်းပါဝင် ဆောင်ရွက် ပေးမှုအခြေအနေများ၊ အချိန်နှင့်တပြေးညီ ဆက်သွယ်နိုင်သည့် နည်းလမ်း များ အား အသီးသီး အသိပညာပေးဆွေးနွေးခဲ့ကြသည်။
ကိုဗစ်-၁၉ရောဂါထိန်းချုပ်မှု ကာလအတွင်း အများပြည်သူသိရှိ လေ့လာနိုင်ရန် အွန်လိုင်းမှတဆင့် အသိပညာပေး လုပ်ငန်းအဖြစ် အဆိုပါ အစီအစဉ်အား ကော့သောင်းခရိုင်ပြည်သူ့စာကြည့်တိုက် လူမှုကွန်ယက်စာမျက်နှာ တွင် လွှင့်တင်ဖေါ်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)