အရာတော် စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန် ရေးကော်မတီဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်ဝေနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် ယနေ့နံ နက်ပိုင်းက မြို့မစည်ပင် သာယာဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြုလုပ် သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းဝယ်ခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဈေးရောင်းဈေးဝယ်သူများအနေဖြင့် ဈေးသို့ဝင်မည်ဆိုပါက လက်ဆေးရန်နှင့် ပါးစပ်၊ နှာခေါင်းစည်းများ တပ်ဆင်ထားခြင်း ရှိ/မရှိ ၊ သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ရောင်းဝယ်ခြင်းရှိ/မရှိကို လိုက်လံစစ်ဆေးခဲ့ပြီး ပြည်သူများအနေဖြင့် ညွှန်ကြား ချက်များကို အထူးဂရုပြု ဆောင်ရွက်ကြရန် မြို့နယ်စည်ပင်သာယာ ရေးကော်မတီမှ နေ့စဉ် ဈေးအတွင်းလှည့်လည် အသိပေး ကြေညာနေမှုများ၊ ကိုယ်အပူချိန်တိုင်းတာစစ်ဆေးပေးနေမှုများ ၊ဈေးပတ်ဝန်းကျင်၌ ဖြတ်သန်းသွားလာ သူများအနေဖြင့် ပါးစပ်၊ နှာခေါင်းစည်းများ တပ်ဆင် လာခြင်းရှိ/မရှိကို ရှောင်တခင်စစ်ဆေးခဲ့ပြီး နောင်တွင် စည်းကမ်းမလိုက်နာသူများအား တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရသိရသည်။
နွယ်နီမြင့်(ပြန်/ဆက်)