ကော့သောင်း ၊ စက်တင်ဘာ ၂၄
ပြည်တွင်းကူးစက်မှုများမြှင့်တက်လာနေသည့် ကိုဗစ်-၁၉ ရောဂါ ကော့သောင်းမြို့တွင်ကူးစက်ပြန့်ပွားမှုမရှိစေရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ ဝိုင်းဝန်းပါဝင်ပူးပေါင်းဆောင်ရွက်မှုအဖြစ် ကော့သောင်းခရိုင် ဧည့်လမ်းညွှန်အသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များ စုပေါင်းကာ ယနေ့နံနက်ပိုင်းက လမ်းထွက်သွားလာနေသူများအား ပါစပ်နှာခေါင်းစည်းများ လိုက်လံပေးဝေခဲ့ကြကြောင်း သိရသည်။
ကိုဗစ်-၁၉ကူးစက်ရောဂါကြောင့် ကမ္ဘာနဲ့အဝှမ်းအခက်အခဲများအကြား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးစပြုလာသည့် ကော့သောင်းမြို့တွင် ခရီးသွားလုပ်ငန်းအပါအဝင် ဆက်စပ်လုပ်ငန်းများ ရပ်ဆိုင်းကုန်သဖြင့် ရောဂါအမြန်ဆုံးထိန်းချုပ်နိုင်ရေးရည်ရွယ်ကာ ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့လှုပ်ရှားမှုအဖြစ် ခရီးသွားလုပ်ငန်းရှင်များစုပေါင်းကာ ရောဂါထိန်းချုပ်ရေး မြို့နေပြည်သူများကို ကျန်းမာရေးအသိသတိရှိကြဖို့၊ ရောဂါကူးစက်မှုမဖြစ်ပွားရေးအပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်းများ တပ်ဆင် ကြဖို့၊ လက်များကိုမကြာခဏဆေးကြောကြရန်ပညာပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ခြင်းအပြင် လမ်းသွားလမ်းလာများအား ပါးစပ်နှာခေါင်းစည်း (၁၂၀၀) ကျော်ခန့်ကို ဒုတိယအကြိမ်အဖြစ် အခမဲ့ လိုက်လံပေးဝေခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။
ကျော်စိုး(ကော့သောင်း)