တန့်ယန်း စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စု၊ လွယ်ပန်ကျေးရွာတွင် မြို့နယ်အရန်မီးသတ်တပ်ရင်းက အလှူရှင်၊ စေတနာရှင်ပြည်သူများနှင့် ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးလုပ်ငန်းအတွက် Mask ၊ ဆန်နှင့် စားသောက်ဖွယ်ရာများကို ယမန်နေ့ မွန်းလွဲပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးအတွက် ကျေးရွာအစီအစဉ်ဖြင့် ဆောင်ရွက်နေသော နားဟုတ်ကျေးရွာအုပ်စု၊ လွယ်ပန်ကျေးရွာအဝင် စစ်ဆေးရေးဂိတ်တွင် မြို့နယ် အရန်မီးသတ်တပ်ရင်းက အလှူရှင်၊ စေတနာရှင်ပြည်သူများနှင့် ပူးပေါင်း ကာ နှာခေါင်းစည်း Mask (၁၀၀)ခု၊ Hand Gel (၂)ပုလင်း၊ ဆန် (၁)အိတ်၊ ဆီပုံးအကြီး (၁)ပုံး၊ ယမ်ယမ်ခေါက်ဆွဲ (၆)ဖာ၊ ကြက်ဥ၊ အချိုရည်နှင့် စားသောက်ဖွယ်ရာများကို မြို့နယ်အရန်မီးသတ်တပ်ရင်းမှ တပ်ခွဲမှူးစိုးမိုးနိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက လှူဒါန်း ခဲ့ရာ လွယ်ပန်ကျေးရွာ တအာင်းလူငယ်အဖွဲ့ခေါင်းဆောင် မိုင်းအိုက်ဆွယ်က လက်ခံရယူခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)