ဒဂုံမြောက် စက်တင်ဘာ ၂၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ များနှင့် ထိတွေ့ခဲ့သူများ၊ စောင့်ကြည့်လူနာများ ထားရှိရန် Quarantine centre အဖြစ်ထပ်မံ အသုံးပြုမည့်နေရာအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌဦးကျော်မိုးနှင့် အဖွဲ့ဝင်များ သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် Quarantine Centre အဖြစ် အသုံးပြုမည့် အမှတ် (၄၂)ရပ်ကွက်၊ မဟာဂန္ဓာရုံကျောင်းတိုက်တွင် ထားရှိဆောင်ရွက်နိုင်ရေး အဆိုပါ ကျောင်းတိုက် သို့ သွားရောက်ကြည့်ရှု စစ်ဆေးကာ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင် များမှ Quarantine centre ဝင်ရောက်သူများ အဆင်သင့် နေထိုင်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)