မြောင် စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေကြီး၊ မြောင်မြို့တွင် (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် မြောင်သီရိ အားကစားကွင်း မိုးလုံလေလုံ အားကစားရုံ တည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ မြို့နယ်အရည်အသွေး စစ်ဆေးရေးကော်မတီမှ ယမန်နေ့ နံနက် (၁၀) နာရီက အဆောက်အဦ တည်ဆောက်နေခြင်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါစစ်ဆေးရာသို့ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးတင်ထွန်းအောင်၊ မြို့နယ် စီမံကိန်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီတာခင်နှင့် အရည်အသွေးစစ်ဆေးရေး ကော်မတီအဖွဲ့ဝင်များက မိုးလုံ၊ လေလုံ အားကစားရုံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ကြည့်ရှု စစ်ဆေး ကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
မြောင်သီရိ အားကစားကွင်းအတွင်း ဆောက်လုပ်လျက်ရှိသည့် အဆောက်အဦ အမျိုးစား မှာ (၁၂၀ပေ×၉၀ပေ×၃၆ပေ) Steel Structure ဖြစ်ပြီး ပြည်ထောင်စု ရန်ပုံငွေ သိန်း (၂၆၂,၀၀၀,၀၀၀) ဖြင့် အားမာန်ဟိန်း ကုမ္ပဏဏီလိမိတက်မှ တာဝန်ယူ ဆောက်လုပ်လျက် ရှိကာ ယနေ့အချိန်တွင် ဆောက်လုပ်ပြီးစီးမှုရာခိုင်နှုန်း (၆၀)ရာနှုန်း ဖြစ်ကြောင်း သိရသည်။
တင်ကိုကို(မြောင်)