မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးညိုမြို့နယ်ရဲတပ်ဖွဲ့မှ ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်

မိုးညို စက်တင်ဘာ ၂၄


၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညို မြို့နယ် ရဲတပ်ဖွဲ့မှ ယနေ့နံနက် (၇) နာရီက ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှ မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်စိန်၀င်းက ဦးဆောင်၍ အရာရှိများ၊ ရဲတပ်ဖွဲ့၀င်များ၊စုစုပေါင်း(၃၀)ဦးတို့သည် မိုးညိုမြို့၊သခင်လှရှိန်ရပ်ကွက်ရှိ မြို့၏ ကျက်သရေဆောင် ဖြစ်သော မဟာသုမင်္ဂလသီဟကြေးသွန်းဘုရားကြီး ပရ၀ဏ် အတွင်း/အပြင် တို့တွင် သန့်ရှင်း သာယာလှပရေးအတွက် ချုံနွယ်များ၊မြက်များ၊အမှိုက်များအား ရှင်းလင်းခြင်း၊ ရုပ်ပွားတော်မြတ်ကြီး ကိန်း၀ပ်ရာ ဂန္ဓကုဋိတိုက်နှင့် ဓမ္မာရုံများအတွင်း သန့်ရှင်းရေး ပြုလုပ်ခြင်း များ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ 
ကိုမင်း(မိုးညို)