မန္တလေး၊ စက်တင်ဘာ ၂၄
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် စင်တင်တေးဂီတဆိုင်များနှင့် KTV၊ CDOK ဆိုင်များ ကြီးကြပ်စစ်ဆေးရေးအဖွဲ့က ယမန်နေ့နံနက် ၉ နာရီခွဲအချိန်ကစတင်၍ မြို့နယ်အတွင်းရှိ စင်တင်တေးဂီတ၊ KTV၊ Night Club၊ Bar ဆိုင်များဖွင့်လှစ်လုပ်ကိုင်နေခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့စစ်ဆေးရာတွင် အောင်မြေသာစံမြို့နယ်အတွင်းရှိ စင်တင်တေးဂီတဆိုင် (၄) ဆိုင်၊ KTV ဆိုင် (၃) ဆိုင်နှင့် Bar ဆိုင် (၅) ဆိုင်၊ စုစုပေါင်း ဆိုင် (၁၂) ဆိုင်တို့အား မန္တလေးတိုင်းဒေသကြီး ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှတ်တမ်း ဆုံးဖြတ်ချက် အပိုဒ် (၂) (ဂ) အရ ယာယီပိတ်သိမ်းထားရန် ညွှန်ကြားချက်တွင် ဖော်ပြပါဆိုင်များပါဝင်သည့်အတွက် လိုက်လံစစ်ဆေးကြခြင်း ဖြစ်သည်။
အဆိုပါ စစ်ဆေးရေးအဖွဲ့တွင် အောင်မြေသာစံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ဇော်ဟိန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများဖြစ်ကြသော မြို့နယ်စည်ပင်သာယာရေးကော်မတီမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်ဖြိုး၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်နိုင်စိုး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ် (၅) မြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်စွာထွန်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ လက်ထောက်ဦးစီးမှူး ဌေးဇော်လတ်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးကြခြင်းဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)