ထန်းတပင်မြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေး စင်တာများသို့ နှာခေါင်းစည်း (Mask)များလှူဒါန်း

ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၂၄

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံမှုများမရှိစေ ရေးအတွက် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအား မြို့နယ်အတွင်းရှိ Community Base Quarantine Centre သုံးခုတို့တွင် အသွားအလာကန့်သတ်ကာ သီးခြားနေထိုင် စောင့်ကြည့်မှုများကို ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ မွန်းလွဲပိုင်းက အသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာများသို့ မြို့မပရဟိတ လူငယ်အဖွဲ့ဝင်များက (အလှူရှင်များကိုယ်စား) နှာခေါင်းစည်း(Mask)များကို သွားရောက်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ Quarantine Centre များတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းဆောင်ရွက် နေကြသူများအား နှာခေါင်းစည်းများကို အလှူရှင် ဦးမြင့်လွင် ညွှန်ကြားရေးမှူး၊ အခြေခံပညာဦးစီးဌာန၊ နေပြည်တော်နှင့် ဇနီးဒေါ်အေးအေးမော် (သမီး) မစုစန္ဒီမြင့်လွင် မိသားစုတို့မှ လှူဒါန်းခြင်းဖြစ်ပြီး ပရဟိတလူငယ်အဖွဲ့ဝင်များက အလှူရှင်များကိုယ်စား အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာ(၃)ခုသို့ သွားရောက် လှူဒါန်းပေးခဲ့ကြခြင်းဖြစ် ကြောင်း သိရသည်။

လှူဒါန်းမှုများ ဆောင်ရွက်ရာတွင် အ.ထ.က(ထန်းတပင်) Quarantine Centre တွင် ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေကြသည့် မြို့နယ်ကြက်ခြေနီတပ်ဖွဲဝင်(၄)ဦးတို့ အတွက် နှာခေါင်းစည်းအခု (၁၀၀)နှင့် အ.ထ.က (ထန်းတပင်) Quarantine Centre အတွက် နှာခေါင်းစည်းအခု(၅ဝဝ)၊ ရွာသစ်(အ.လ.က)ခွဲ Quarantine စင်တာအတွက် နှာခေါင်းစည်း အခု (၃၀၀)နှင့် ရိုးခွ(အ.ထ.က)ခွဲ Quarantine Centre အတွက် နှာခေါင်းစည်း အခု(၃ဝဝ)တို့ကို Quarantine စင်တာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများထံသို့ ပရဟိတအဖွဲ့ဝင်များ က ပေးအပ်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။ 

ဇင်မင်းထိုက်(ပြန်/ဆက်)