ချောက် စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်တာဝန်ထမ်းဆောင်နေ ကြသည့် ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း) များအား ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်၊ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏လုပ်ငန်း တာဝန်များကို ကြိုးပမ်းဆောင်ရွက်မှုအား အသိအမှတ်ပြုသည့်အနေဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန် နေ့ နံနက် ၁၁ နာရီအချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရူံခန်း၌ ကျင်းပသည်။
ထိုသို့ ထောက်ပံ့ငွေပေးအပ်ရာတွင် နိုင်ငံတော်က ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့တာဝန်ကျရာ ရပ်ကွက်၊ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များကို ရုံးဖွင့်ရက်များတွင်သာမက (စနေ၊ တနင်္ဂနွေ) ရုံးပိတ်ရက်များ တွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိ သည့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ (၁-၈-၂၀၂၀) ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်အတွင်း အစိုးရရုံးပိတ်ရက် (၁၉) ရက်အတွက် ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲက ော်မရှင်အဖွဲ့ခွဲ လုပ်ငန်းတာဝန်များကို ကြိုးစားဆောင်ရွက်မှု အပေါ် အသိအမှတ်ပြုသောအားဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်း ဖြစ်ရာ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း) (၇၁) ဦးအတွက် တစ်ရက်လျှင် နေ့တွက်စရိတ် ၄၈၀၀ ကျပ်နှုန်းဖြင့် တစ်ဦးလျှင်ငွေကျပ် ၉၁၂၀၀ ကျပ်စီအား ထောက်ပံ့ပေးအပ် ရာ စာရေး၀န်ထမ်းများက လက်ခံရယူခဲ့ကြောင်းနှင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၆၄၇၅၂၀၀ ကိုဂုဏ်ပြု ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)