မန်ကန်မြို့၌ အမုန်းစကားဖန်တီးမှုများကို ကင်းရှင်းစေရန် အမုန်းစကား အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်း ဆောင်ရွက်

မန်ကန်  စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနတို့ ပူးပေါင်း၍ အမုန်းစကား အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက မန်ကန်မြို့တွင်း ရပ်ကွက်များနှင့် မြို့ဝင်/ထွက် ဂိတ်တွင် အခမဲ့ဖြန့်ဝေခဲ့သည်။

ထိုလက်ကမ်းစာစောင်တွင် လူအများကြား ကောလဟလကြောင့် အမုန်းပွားရန်လိုမှုများ မဖြစ်စေရန် သတင်းများကို စစ်ဆေးပြီးမှ ယုံကြည်ရန်၊ အမုန်းစကားသည် လူ့အဖွဲ့အစည်း၏ စုစည်းညီညွတ်မှုကို ပျက်ပြားစေပြီး ဘုံတူညီသောတန်ဘိုးများကို ယိုယွင်း ပျက်စီးစေသည်၊ အပြန်အလှန် လေးစားလက်ခံနိုင်သော စိတ်ဓာတ်ကိုရေရှည်ခိုင်မြဲစွာ ထားရှိရန်စသော အမုန်းစကားနှင့် ပတ်သက်သည့် အသိပညာပေး နှိုးဆော်ချက်များ၊ မြန်မာနိုင်ငံနှင့် နိုင်ငံအချို့၏ ဉပဒေများတွင် ပြဋ္ဌာန်းချက်များ ဆောင်ပုဒ်များနှင့် ကာတွန်းများတို့ပါဝင်ကြောင်း သတင်းရရှိသည်။

ကျော်ဇင်ထက်(ပြန်/ဆက်)