လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ အခမဲ့ဖျားနာကုဆေးခန်းသို့ အောင်ဆီဂျင်ဘူး၊ Maskနှင့် အာဟာရများကို ချစ်သောရန်ကုန်အဖွဲ့မှ လှူဒါန်း

လှိုင်သာယာ(အနောက်ပိုင်း)  စက်တင်ဘာ  ၂၄

ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင် ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ အမှတ်(၁၂)ရပ်ကွက်တွင် ဖွင့်လှစ်ထားသော အခမဲ့ဖျားနာကုဆေးခန်းသို့ အောင်ဆီဂျင်ဘူး၊ နှာခေါင်းစည်း Maskနှင့် အာဟာရများကို ယမန်နေ့ မွန်းလွဲပိုင်းက ချစ်သောရန်ကုန်အဖွဲ့က လာရောက်လှူဒါန်းသည်။

အဆိုပါ လှူဒါန်းရာတွင် ချစ်သောရန်ကုန် အဖွဲ့မှ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၂) ရပ်ကွက်၌ ဖွင့်လှစ်ထားသောအခမဲ့ ဖျားနာကုဆေးခန်းသို့ အောင်ဆီဂျင်ဘူး(၁)ဘူး၊ နှာခေါင်းစည်း Surgical Mask များ နှင့် ဖျားနာကုဆေးခန်းတွင် လုပ်အားပေး(Volunteer) ဆရာ၊ ဆရာမများအတွက် အာဟာရများကို ပေးအပ်လှူဒါန်းပြီး ဖျားနာကုဆေးခန်းရှိ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)