ဆင်ပေါင်ဝဲ စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကျောက်ဆောင်စမ်းကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက် ခဲ့သည်။
အဆိုပါ အသိပညာပေး နှိုးဆော်ခြင်းဆောင်ရွက်ရာတွင် အများပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကမှ ထုတ်ပြန်ထားသော ပြည်သူများသို့ အသိပေးပြန်ကြားချက်များ၊ မိမိတို့ကျေးရွာသို့ ရပ်ဝေးမှ ပြန်လာ သူများ ရောက်ရှိလျှင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးများထံ အသိပေးပြောကြားရန်နှင့် အဆိုပါ ပြန်လာသူများအနေဖြင့် ကန့်သတ် စောင့်ကြည့်နေရာများတွင် ၁၄ ရက် နေကြရမည်ဖြစ်ကြောင်း အများပြည်သူများ သိရှိလိုက်နာရန်အတွက် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အိဖြူဖြူမောင်(ပြန်/ဆက်)