စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး အတွက် မြို့အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

စေတုတ္တရာ    စက်တင်ဘာ   ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ခံရမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင်  မြို့အဝင် စစ်ဆေးရေးဂိတ်ဖွင့်လှစ်ထားရှိကာ နေ့ညမပြတ် အရှိန်အဟုန်မြှင့်တင် ကြပ်မတ် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်းကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက် များနှင့်အညီ စက်တင်ဘာလ၁၅ရက်နေ့မှ စတင်၍ မြို့အဝင် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ကာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်နှင့်ဌာနဆိုင်ရာဝန်ထမ်းများမှ ပူးပေါင်း၍ မြို့နယ်အတွင်းသို့ ဝင်ရောက်လာသော ခရီးသွား ပြည်သူ များအား နေ့ညမပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့အဝင်/အထွက် လူစာရင်းနှင့်မော်တော်ယာဉ်စာရင်း ကောက် ယူခြင်း၊ မြို့အဝင်လူများအားလုံး နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းနှင့်ကိုယ်အပူချိန် တိုင်းတာ ပြီးမှသာ မြို့အဝင်/အထွက် သွားလာခွင့်ပြုခြင်း၊ လူစာရင်းကောက်ယူရာတွင် (ပြည်ပ၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်မှ) ပြန်လာသူများအား တွေ့ရှိပါက Facility Quarantine ထားရှိနိုင်ရန် မြို့နယ် ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သတင်း ပို့စေခြင်းနှင့်မြို့အဝင် လူများအားလုံး အခြားမြို့နယ်/တိုင်းဒေသကြီးများမှ ဝင်ရောက် လာသူများ ဖြစ်ပါက သက်ဆိုင်ရာဒေသမှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၏ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာတွင် နေထိုင်သူ မှန်ကန်ကြောင်း ထောက်ခံချက်ပြသနိုင်မှသာ ဝင်ရောက် ခွင့်ပြုခြင်းတို့ကို အရှိန်အဟုန်မြှင့် စစ်ဆေး ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

စည်သူလွင်(ပြန်/ဆက်)