မြစ်ကြီးနားမြို့၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုန်ပြန်ထားသော ပိုးတွေ့လူနာ တည်းခိုခဲ့သည့် အေးချမ်းသာ တည်ခိုခန်းအား အဝင်အထွက်ကန့်သက်၍ Lock Down ပြုလုပ်

မြစ်ကြီးနား စက်တင်ဘာ ၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယမန်နေ့နံနက်ပိုင်းက ထုတ်ပြန်ခဲ့သည့် ပိုးတွေ့လူနာ အတည်းခိုခဲ့သော မြို့သစ်ရပ်ကွက်၊‌‌ အေးချမ်းသာတည်းခိုခန်းအား ယမန်နေ့ နံနက် ၁၁ နာရီခွဲမှစ၍ အဝင်/အထွက် ကန့်သတ် Lock Down ပြုလုပ်ထားကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ပိုးတွေ့လူနာသည် အင်ဂျန်းယန်မြို့နယ် ရဲစခန်းမှဖြစ်ပြီး နေပြည်တော်သို့ ပြောင်းရွေ့တာဝန်ထမ်း ဆောင်ရန်အတွက် (၁၆.၉.၂၀၂၀) ရက်နေ့နှင့် (၁၇.၉.၂၀၂၀)ရက်နေ့ထိ (၂)ရက်ကြာ‌ တည်းခိုခဲ့သဖြင့် တည်းခိုခန်းအား လုံခြုံရေးနှင့်အတူ အဝင်/အထွက် ကန့်သတ်၍ Lock Down ပြုလုပ်ထားခဲ့ပြီး တည်ခန်းဝန်ထမ်း (၇)ဦး၊ တည်းခိုနေသူ (၇)ဦး၊ စုစုပေါင်း (၁၄)ဦးတို့အား တည်းခိုအတွင်း Quarantine ပြုလုပ်ထားကြောင်းနှင့် ၎င်းတို့၏ နှာခေါင်းဖက်နှင့် အာခေါင်တို့ဖက် နမူနာယူ၍ ဓာတ်ခွဲစစ်ဆေးနိုင်ရေး သက်ဆိုင်ရာ ကျန်းမာရေး ဌာနသို့ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သည့် အင်ဂျန်ယန်မြို့ရဲစခန်းမှ ရဲဝန်ထမ်း(၇)ဦးကိုလည်း သက်ဦးအောင်ဆုပန် ဘုန်းကြီးကျောင်း တွင် Facility Quarantine ထားရှိပြီး ၎င်းတို့၏ နှာခေါင်းတို့ဖက်နှင့် အာခေါင်တို့ဖက် နမူနာယူ၍ ဓာတ်ခွဲစစ်ဆေး နိုင်ရေး သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ ပေးပို့သွားမည်‌ဖြစ်ကြောင်းနှင့် အင်ဂျန်းယန် မြို့မရဲစခန်းတွင်လည်း အဝင်/အထွက် ကန့်သတ်ပြုလုပ်ထား ကြောင်း သိရသည်။

စိန်ဝင်း(ပြန်/ဆက်)