လမ်းမတော် စက်တင်ဘာ ၂၄
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ဖွင့်လှစ်ဆောင်ရွက်ထားရှိသည့် ရန်ကုန် အနောက်ပိုင်း ခရိုင်၊ လမ်းမတော်မြို့နယ်၊ အ.ထ.က(၁) Quarantine Center သို့ ယမန်နေ့က အဝတ် Mask ၊ ၁လီတာရေသန့်ဘူးနှင့် ဖိနပ်များကိုလာရောက်လှူဒါန်းခဲ့ကြသည်။
ထိုသို့လှူဒါန်းရာတွင် အဝတ် Mask (၁၀,၀၀၀)ကို မြောက်ဥက္ကလာပမြို့နယ် ရွှေမင်္ဂလာ ကုမဏီမှလည်းကောင်း၊ ၁ လီတာ ရေသန့်ဘူး (၃၀၀)အား ဦးညီညီထွေး၊ဒေါ်ခင်မိုးဦး မင်္ဂလာတောင်ညွှန့်မြို့နယ်မှလည်းကောင်း၊ မြို့မိမြို့ဖ ဦးလှသိန်းမှ ဖိနပ်အရံ (၂၀) တို့ကို ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး -ကော်မတီမှ တာဝန်ရှိသူများက လက်ခံခဲ့ကြောင်း သိရသည်။
ကျော်ဆန်းမြင့်