အလုံမြို့နယ် သမဝါယမအသင်းစု မိသားစုများအား စား​သောက်ကုန်(၆)မျိုး ​ထောက်ပံ့​လှူဒါန်း

အလုံ   စက်တင်ဘာ   ၂၄

ကိုဗစ် -၁၉ရောဂါဖြစ်ပွား​နေစဉ် ကာလအတွင်း အ​ထောက်အပံ့တစ်ခု ဖြစ်​စေရန်အတွက် ရည်ရွယ်ကာ ရန်ကုန်အ​နောက်ပိုင်း အလုံမြို့နယ် သမဝါယမအသင်းစု မိသားစုမျာအား စားသောက်ကုန်များ​ ထောက်ပံ့လှူဒါန်း​ပေးအပ်ခြင်းကို ယ​နေ့ နံနက်(၁၀:၀၀)နာရီအချိန်က   အလုံမြို့နယ်​အောက် ကြည့်မြင်တိုင်လမ်းမ​ပေါ်ရှိ သမဝါယမအသင်းရုံးတွင်ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ထိုသို့​ဆောင်ရွက်ရာတွင်   အလုံမြို့နယ် သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးအုန်းသွင်နှင့် အဖွဲ့ဝင်များက ဝင်းအတွင်း၌ ​နေထိုင်ကြ​သော မိသားစုဝင်များအား မိသားစုဝင် ဦးရေအလိုက်တစ်ဦးလျှင် ဆန်()ပြည်၊ မိသားစုတစ်စုလျှင်  ဆီတစ်ပိသာ၊ ကြက်သွန်နီတစ်ပိသာ၊ ကုလားပဲ ငါးဆယ်ကျပ်သား၊ အချိုမှုန်တစ်ထုပ်နှင့်  ဆားတစ်ထုပ်စီဖြင့်  စား​သောက်ကုန်()မျိုးအား စုစု​ပေါင်း အိမ်​ထောင်စု(၂၃)စု၊ လူဦး​ရေအားဖြင့်  စုစု​ပေါင်း(၈၂) ဦးအားထောက်ပံ့​ပေးအပ် လှူဒါန်းခဲ့​ကြောင်း သတင်းရရှိသည်။

တင်တင်ချို(အလုံ)