မရမ်းကုန်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ Quarantine Center ပတ်ဝန်းကျင်သို့ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းများ ကူညီဆောင်ရွက် 

မရမ်းကုန်း စက်တင်ဘာ ၂၄

ခြင်ကိုက်ခြင်းကြောင့်ဖြစ်ပေါ်သော သွေးလွန်တုပ်ကွေးရောဂါမှ ကြိုတင်ကာကွယ်နိုင်ရန် အတွက် ယမန်နေ့ နံနက်ပိုင်းက မရမ်းကုန်းမြို့နယ် အ.ထ.က(၁)ကျောင်း၌ ဖွင့်လှစ်ထားရှိသည့် Quarantine Centre ပတ်ဝန်းကျင်သို့ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့က ခြင်ဆေးဖျန်းခြင်းများ ကူညီဆောင်ရွက်ခဲ့သည်။
အဆိုပါ ခြင်ဆေးဖျန်းခြင်းများအပြင် ခြင်များခိုအောင်းနိုင်မှုမရှိစေရေးအတွက် ကျောင်း ပတ်ဝန်းကျင်ရှိ ချုံနွယ်များအား မြက်ရိတ်စက်များဖြင့် ရှင်းလင်းခြင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ စေတနာလုပ်အားရှင်အရာရှိ၊ တပ်ဖွဲ့ဝင် (၁၀) ဦးတို့က ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အေးအေးအောင်(ပြန်/ဆက်)