ငဖဲ စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချူပ်နိုင်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ်စေရေး ပြည်သူလူထုကျယ် ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် အသံချဲ့စက်ဖြင့်အသိပေးနှိုးဆော်မှုများကို ယမန်နေ့ ညနေ ၄နာရီ အချိန်က ငဖဲမြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွား မှုမဖြစ်စေရေးနှင့်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိမိတို့နေအိမ်အတွင်း၌သာ (Stay at Home) နေထိုင်ကြရန်၊ မလိုအပ်ဘဲ အပြင်မထွက်ကြရန်နှင့် မဖြစ်မနေ ထွက်ရပါက နှာခေါင်းစည်း တပ်ဆင်ပြီးမှသာ အပြင်ထွက်သွားလာကြရန်၊ ကိုယ်အပူချိန်တက်ခြင်း၊ ဖျားနာခြင်း၊ ရက်ရှည် ချောင်းဆိုးခြင်း၊ အသက်ရှုမွန်းကြပ်ခြင်း စသည့် လက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ကျန်းမာရေး စစ်ဆေးမှုခံယူကြရန်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ မကွေးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ဝင် ရောက်လာသူ များရှိပါက သက်ဆိုင်ရာအုပ်ချူပ်ရေး အဖွဲ့အစည်းများနှင့် ကျန်းမာရေးဌာနသို့ သတင်းပို့ ကြရန်၊မိမိတို့ မြို့နယ်အတွင်း ထုတ်ပြန်ထားသည့် ဒေသန္တရ အမိန့်ညွှန်ကြားချက်များကို ပြည်သူများ လိုက်နာကြရန် ၊ ရခိုင်ပြည်နယ်မှ ထွက်ခွာလာ သူများရှိပါက ကျန်းမာရေး စစ်ဆေးဆောင်ရွက်ရန်နှင့် သတင်းပို့ရန် ပျက်ကွက်သူများနှင့် ထိန်ချန် ထားသူများအား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနှင့် အရေးယူ ဆောင်ရွက် သွားမည်ဖြစ် ကြောင်းငဖဲမြို့မရပ်ကွက်နှင့် ကျောင်းတွင်း ရပ်ကွက်တို့၌ အသံချဲ့စက်ဖြင့် လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)