အလုံ စက်တင်ဘာ ၂၄
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ သစ်တောရပ်ကွက်ရှိ အထက(၇)ကျောင်း၌ ဖွင့်လှစ်ထားရှိသော Quarantine Centre သို့ ယနေ့ညနေ(၃:၀၀) နာရီအချိန်က ရေသန့်ကတ်များ လာရောက်လှူဒါန်းခဲ့ကြသည်။
ထိုသို့လှူဒါန်းရာတွင် ၁လီတာ ရေသန့်ဘူးကတ်(၅၀) စုစုပေါင်းရေသန့်ဘူး (၃၀၀)ဘူးအား သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏပေါ်ဆန်းမွှေး (၄)လမ်းနေ အလှူရှင် ဦးဝဏ္ဏဦးမှ လှူဒါန်းပေးအပ်ခဲ့ရာ အလုံမြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့်နှင့် တာဝန်ကျ ဌာနဆိုင်ရာများက လက်ခံရယူခဲ့ကြောင်း သိရသည်။
တင်တင်ချို(အလုံ)