အောင်လံမြို့၌ ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ Mask Campaign အရှိန် အဟုန်မြှင့် ဆောင်ရွက်

အောင်လံ စက်တင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ ကူးစက်ရောဂါကာကွယ်ရေးအတွက် အပြင်ထွက် လျှင် နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အထကောင်း ရရှိစေရန်ရည်ရွယ်၍ ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ Mask Campaign အား အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို  ယနေ့နံနက်(၉) နာရီကအောင်လံမြို့ အ−ထ−က(၁)ကျောင်းရှေ့တွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ယင်းလှုပ်ရှားမှုတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီရေးအဖွဲ့များသည် ပြည်လမ်းမတစ်လျှောက် လမ်းသွားလမ်းလာများနှင့် ယာဉ်ပေါ်ရှိခရီးသည်များအား နှာခေါင်းစည်း Mask တပ်ဆင် သွားလာမှု ရှိ/မရှိ စစ်ဆေး၍  နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိပါက  Mask တစ်ခုလျှင် ငွေကျပ်(၁၀၀၀)နှုန်း၊ နှစ်ခု (၂၀၀၀) ကျပ်နှုန်းဖြင့် ဒဏ်ပေးသည့်အနေဖြင့် ရောင်းချ တပ်ဆင်စေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)