အောင်လံ စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့ တရော်ကုန်းရပ်ကွက် ကမ်းနားလမ်း ဧရာဝတီမြစ် ခြောက်ရောင်ခြည်ဘုရားရေဆိပ်တွင် ယမန်နေ့မွန်းလွဲပိုင်း(၂)နာရီခန့်က ကလေးငယ်(၂)ဦးရေချိုးဆင်းရာမှ ရေစီးနှင့်အတူ ရေနစ်မျောပါခဲ့ကြောင်းသိရသည်။
အဆိုပါ ရေစီးနှင့်မျောပါသွားသူ ကလေး(၂)ဦးအား ကူညီကယ်ဆယ်ရန် အောင်လံမြို့နယ် မီးသတ်စခန်းမှ မြို့နယ်ဦးစီးမှူး ဦးထက်ဇော်မင်း ဦးဆောင်၍ သန္ဓေနှင့် အရန် စုစုပေါင်း(၁၇)ဦးဖြင့် အောင်လံမြို့နယ် မီးသတ်စခန်းမှ (3I-5356) တိုယိုတာလင်ခရူဆာ မီးသတ်စက်ယာဉ်ဖြင့် အခင်းဖြစ်ပွားရာသို့ထွက်ခွာပြီး ဧရာဝတီမြစ်အတွင်း အသက်ကယ် ဖိုက်ဘာစက်လှေဖြင့် လိုက်လံရှာဖွေခဲ့သည်။
ရေးစီးနှင့်အတူမျောပါခဲ့သည့် ကလေး(၁)ဦးအား အနီးနားရှိ ဒေါ်လှလှဌေးမှ မောင်ဇွဲသက်ပိုင်အား အသက်ရှင်လျက်ပြန်လည် ဆယ်ယူနိုင်ခဲ့ပြီး ကျန်ကလေးတစ်ဦးအား မြို့နယ်မီးသတ်ဦးစီးဦးဆောင်သောအဖွဲ့မှ ဆက်လက်ရှာဖွေခဲ့ရာ ညနေပိုင်းတွင်မိုးများ ရွာသွန်ပြီး ရာသီဥတုဆိုးဝါးသဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ခေတ္တရပ်ဆိုင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေါ်လှလှဌေးနှင့် မောင်ဇွဲသက်ပိုင်တို့မှာ ထိခိုက်ဒဏ်ရာရရှိမှုမရှိ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန မှ သိရသည်။
မျိုးသိန်း(ပြန်/ဆက်)