သဲကုန်းမြို့နယ်တွင် (၁၉)ကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါစစ်ဆေးနိုင်ရေး ဓာတ်ခွဲနမူနာရယူခြင်းများ ဆောင်ရွက်

သဲကုန်း စက်တင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်ရှိ Facility Quarantine အသီးသီးရှိ ပြည်ပပြန် များ၊ ရန်ကုန်ပြန်များနှင့် ရခိုင်ပြည်နယ်မှ ပြန်လာသူများ စုစုပေါင်း(၉၃)ဦး၏ နှာခေါင်းနှင့် အာခေါင်တို့ပတ်များကို ကျန်းမာရေးဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက ကိုဗစ်ရောဂါပိုးရှိ/မရှိ သိရှိစေရေး ဓာတ်ခွဲ နမူနာရယူခဲ့ပြီး ဆက်လက်ပေးပို့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ယနေ့သည် နောက်ဆုံးအကြိမ် ဓာတ်ခွဲနမူနာ ရယူဆောင်ရွက်ခြင်းဖြစ်ပြီး ညွန်ကြားချက်အရ ဓာတ်ခွဲနမူနာ ရယူခြင်းကို ခေတ္တယာယီဆိုင်းငံ့ထားမည်ဖြစ်ပြီး ညွှန်ကြားချက်ရရှိပါက ဓာတ်ခွဲနမူနာရယူခြင်း ဆက်လက် ဆောင်ရွက်မည်ဖြစ်ပါကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

နိုင်လင်း (သဲကုန်း ပြန်/ဆက်)