ချောင်းဆုံ စက်တင်ဘာ ၂၅
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအတွက် ဒုတိယအကြိမ်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် တောင်သူများအား ပေးအပ်ခဲ့ ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသိုက်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက် ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးကျော်လွင်က ကိုဗစ်-၁၉ကာလအတွင်းမိုးစပါးစိုက်မျိုးစေ့ စိုက်ပျိုးမှု ထုတ်လုပ်ရာတွင် အဓိကလိုအပ်ချက်ဖြစ်သည့် သွင်းအားစု မျိုးကောင်းမျိုးသန့်များ လိုအပ်သည့် ပမဏ အလွယ်တကူရရှိ အသုံးပြုနိုင်စေရေးစိုက်ဧက အပြည့်အဝ စိုက်ပျိုးနိုင်ရေးအတွက် ရည်ရွယ်ပြီး ယခုလို ထောက်ပံ့ကြေး ပေးရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်ရှိ(ကမာကေး၊ တောင်စွန်း၊ ကော့မုပွန်၊ ကော့ကဒိုက်) ကျေးရွာရှိတောင် သူ(၄၂)ဦး စိုက်ဧက(၂၀၀)အတွက် တစ်ဧကလျှင် မျိုးကွဲ နုတ်ပယ်ခြင်းလုပ်အားခ (၅၀၀၀၀)နှင့် မျိုးသန့် စင်ခြင်းလုပ်ခ(၁၅၀၀၀)ပေါင်း (၆၅၀၀၀)ကျပ်ဖြင့် ဒုတိယအကြိမ် ထောက်ပံ့ငွေပေါင်း သိန်း(၁၃၀)ပေး အပ်ထောက်ပံ့ခဲ့သည်။ အဆိုပါတောင်သူများကို ဩဂုတ်လ က ပထမအကြိမ်ဖြင့် (၁)ဧကလျှင် မျိုးစေ့ဘိုး ငွေ (၁၀၅၀၀)၊ အပင်ပြုစုခြင်း လုပ်အားခ(၇၅၀၀၀)ပေါင်း (၈၅၅၀၀)ကျပ် စိုက်ဧက(၂၀၀)အတွက် (၁၇၁) သိန်းဖြင့် စုစုပေါင်း (၂) ကြိမ် ထောက်ပံ့ငွေမှာ စုစုပေါင်း ငွေကျပ် (၃၀၁)သိန်း ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနသိရသည်။
မြို့နယ်(ပြန်/ဆက်)