မုဒုံ စက်တင်ဘာ ၂၅
မွန်ပြည်နယ်မုဒုံမြို့နယ်ရှိအဇင်းဆည်းအတွင်းသို့ မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမြစ်ချင်း ငါးသားဖောက်ကောင်ရေ (ငါးသောင်း) ကို ယနေ့နံနက် ၈ နာရီခန့်က ငါးမျိုးစိုက်ထည့်ပေးခဲ့သည်။
ထိုသို့ ငါးမျိုးများစိုက်ထည့်ပေးရာတွင် မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်က ငါးသယံဇာတများ စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်စေရန်၊ ငါးမျိုးပြုန်းတီးမှုများ မရှိစေရန် နှင့် ဒေသတွင်း ငါးစားသုံးမှုဖူလုံစေရန်အတွက် မျိုးစိုက်ထည့် ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီးငါးမျိုး စိုက်ထည့်ရာတွင် မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်နှင့် ဝန်ထမ်းများ၊မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ အဇင်းဆည်တာဝန်ခံများနှင့် အဖွဲ့ဝင်များက အဆိုပါ ဆည်အတွင်းသို့ ငါးမြစ်ချင်း ငါးသားဖောက်ကောင်ရေ (ငါးသောင်း) ကို စိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)