စလင်း စက်တင်ဘာလ ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့တွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီကို ဩဂုတ်၁၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့ နံနက်(၉)နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ စည်သူခန်းမ၌ ပထမအကြိမ် အစည်း အဝေးကိုကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဘိုရဲက ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် ရွေးကောက်တင် မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အငြင်းပွားမှု/ပြဿနာ တစ်စုံတစ်ရာပေါ်ပေါက်ပါက အချိန်တိုအတွင်း ညှိနှိုင်းဆောင်ရွက် ဖြေရှင်းနိုင်ရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခြင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ဥမ္မာမြင့်က မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းတာဝန် များကို ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသော မြို့နယ်စေ့စပ်ညှိနှိုင်းရေး ကော်တီဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများ အသီးသီး ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။
မောင်လွင်(ပြန်/ဆက်)