နတ်မောက် စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အုပ်စု သမှုန်းပင်ကျေးရွာအုပ်စု၊ ကျွေးထူးကန်ကျေးရွာ ရှိ အိမ်ထောင်စုများသို့ ယမန်နေ့ နေ့လယ် (၂)နာရီခန့်က နတ်မောက်ကွန်ရက်ပရဟိတ လူမှုအကျိုးပြုအသင်းနှင့် သိဒ္ဓိစုံ ဆန်ရောင်းဝယ်ရေး မိသားစုတို့စုပေါင်းအားဖြင့် ဦးကျော်စွာဦးမိသားစုတို့မှ ဆန်၊ ကြက်ဥ၊ ပိုးသတ်ဆေး၊ Mask များလှူဒါန်းခဲ့ကြောင်းသိရသည်။
သမုန်းပင်အုပ်စု ကျွေးထူးကန်ကျေးရွာတွင်အိမ်ထောင်စု (၁၂၇)စုရှိရာ အိမ်ထောင်စု တစ်စုလျှင် ဆန် (၄)ပြည် ၊ကြက်ဥ (၅)လုံးနှင့် အဆိုပါကျေးရွာအတွက် ပိုးသတ်ဆေးဗူး(၂)ဗူး ၊ Mask( ၃၀၀) ခုလှူဒါန်းခဲ့ကြောင်းသိသည်။
သင်းသင်းမြတ် (နတ်မောက်)