ဘီးလင်း စက်တင်ဘာ ၂၅
ဘီးလင်းမြို့နယ်၌ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစာများ ထိခိုက်နစ်နာမှု မရှိစေရေးအတွက် နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဘီးလင်းမြို့နယ် သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှထွဋ် က ပဉ္စမအကြိမ် ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဘီးလင်းမြို့နယ်တွင် မြို့ပေါ် ၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၁ စု ရှိပြီး အခြေခံလူတန်းစား အိမ်ထောင်စု ၁၁၀၈၀ စုတို့အတွက် စုစုပေါင်းငွေကျပ် ၂၂၁၆ သိန်းကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်သီရိရတနာ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှထွဋ်နှင့် တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ လွဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ထူးနောင် (ပြန်ဆက်)