ကျောင်းကုန်း စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌ (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ပြည်သူ့အကျိုးပြုလုပ်ငန်းကို ကျောင်းကုန်းမြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းရွှေနှင့် မြို့မရဲစခန်းမှူး ဒုရဲမှူး မောင်မောင်သန်း ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များက အမှတ်(၁)ရပ်ကွက် ရှိမိုဃ်းကောင်း ပရိယတ္တိစာသင်တိုက် ဝန်းအတွင်း ခြုံနွယ်များ ရှင်းလင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)