လပွတ္တာ စက်တင်ဘာ ၂၅
လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့ပေါ်ရှိ ထွေ/အုပ် ဝန်ထမ်းများထံ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ယမန်နေ ညနေ ၃ နာရီခွဲအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဦးက မြို့ပေါ်ရှိ ထွေ/အုပ် ဝန်ထမ်းများအား ထောက်ပံ့ရခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတစ်ဦးလျှင် ဆန်(၁၂)ပြည်၊ ဆီ(၁)ပိသာတို့အား ဝန်ထမ်း(၂၆)ဦးတို့ထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းကျော်မြင့် လပွတ္တာခရိုင် (ပြန်/ဆက်)