ငွေဆောင် စက်တင်ဘာ ၂၅
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး အတွက် ငွေဆောင်အ.ထ.က Facility Quarantine Center တွင် အသွားအလာ ကန့်သတ်ထားရှိသူ (၁၁)ဦးအနက် (၉)ဦး မှာ (၁၄) ရက်ပြည့်မြောက်ပြီး ကျန်းမာရေးကောင်းမွန်သည့်အတွက် ရှောက်ချောင်း ကျေးလက်ကျန်းမာရေးဌာနခွဲ ကျန်းမာရေးမှူး ဒေါ်ဌေးဌေးမော်က ယမန်နေ့ ညနေ (၃)နာရီခွဲက ကျန်းမာကြောင်းထောက်ခံစာများ ပေးအပ်၍ နေအိမ်များသို့ ပြန်ခွင့်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ(၉)ဦးသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ၎င်းတို့၏ နေအိမ်များတွင် Home Quarantine (၇) ရက် ဆက်လက်နေထိုင်ရမည် ဖြစ်ပြီး စနစ်တကျနေထိုင်စားသောက်ရန် ကျန်းမာရေးဦးစီးဌာနက မှာကြားခဲ့ကြောင်းသိရသည်။
မူမူသွင်(ပြန်/ဆက်)