လားရှိုး စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှစတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယနေ့က အမျိုးသား (၄၈)ဦး၊ အမျိုးသမီး (၃၆)ဦး စုစုပေါင်း (၈၄)ဦးတို့ကို ထပ်မံပို့ဆောင် ပေးနိုင်ခဲ့သည်။
အဆိုပါ နေရပ်ပြန်ပြည်သူ (၈၄)ဦးတို့တွင် ကချင်ပြည်နယ်မှ (၃)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၅)ဦး၊ နေပြည်တော်မှ (၁)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၁)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၂၈)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၁၇)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၂)ဦး၊ ရှမ်းပြည်နယ်မှ (၁)ဦး၊ ရခိုင်ပြည်နယ်မှ(၂၆)ဦး တို့ဖြစ်ကြပါသည်။ ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးရာတွင် မေလ(၆)ရက် နေ့မှ စက်တင်ဘာလ (၂၅)ရက်နေ့အထိ နေရပ်ပြန်ပြည်သူအမျိုးသား (၁၀၃၆၇) ဦး၊ အမျိုးသမီး (၆၄၆၇) ဦး စုစုပေါင်း (၁၆၈၃၄) ဦးတို့အား လွှဲပြောင်းပို့ဆောင် ပေးနိုင်ခဲ့ကြောင်းသိရသည်။
နန်းသန္တာဦး(ပြည်နယ်၊ပြန်/ဆက်)