ငပုတော စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် နှာခေါင်းစည်းများ တပ်ဆင်သွားလာ အသုံးပြုစေရေးအတွက် ကြီးကြပ်စစ်ဆေးခြင်းကို ကျေးရွာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် အခြားပူးပေါင်းအဖွဲ့တို့မှ ရေငံ-သရက်ကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းအနီးတွင် ယနေ့ နံနက် ၈ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၎င်းကဲ့သို့ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာအသုံး ပြုစေရေးအတွက် ကြီးကြပ်စစ်ဆေးရခြင်းမှာ ကိုဗစ်-၁၉ ရောဂါသည် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကူးစက်မှုများ ဖြစ်ပွားနေပြီး ကျေးလက်နေ ပြည်သူများသို့ ဆက်လက်ကူးစက်မှုများ မဖြစ်ပေါ်စေရေးအတွက် မိမိမှစ၍ ကာကွယ်နိုင်ရန် နှင့် ကိုဗစ်-၁၉ရောဂါပိုးအား ကျန်းမာရေးအသိဖြင့် ကာကွယ်နိုင်ရန်အတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ အသိပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်ရခြင်းမှာ ပြည်သူများအနေဖြင့် နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်သွားလာ အသုံးပြုစေရေးအတွက် ကျေးရွာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီနှင့်အတူ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/မများ၊ အရံပြည်သူ့စစ်၊ အမျိုးသမီးရေးရာအဖွဲ့၊ ရပ်မိ/ရပ်ဖများနှင့် မြန်မာနိုင်ငံသတင်းစာ ဆရာအသင်းတို့က ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)