အင်္ဂပူမြို့နယ်တွင်ကို ဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

အင်္ဂပူ   စက်တင်ဘာ   ၂၅

အင်္ဂပူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးဆက်ပြန့်ပွားမှုမရှိစေရေးအတွက် အသိပညာပေး ကြေညာခြင်းကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအရောက် ကွင်းဆင်းပြီး အသိ ပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီကအ င်္ဂပူမြို့နယ် စည်ပင်ကျေးရွာအုပ်စုအတွင်းရှိ စီပင်ကျေးရွာ၊ ရှောက်ကုန်းကျေးရွာ၊ တဲကြီးကုန်းကျေးရွာ၊ ကျောင်းကုန်းကျေးရွာ၊ ဖျင်ဇင်းကျေးရွာများတွင် ပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အင်္ဂပူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်စေရန် အသိပေး ထုတ်ပြန်ချက်များနှင့် ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ထုတ်ပြန်ချက်များ၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာများအား ပြည်သူများ သိရှိလိုက်နာရေး ဆောင်ရွက်နိုင်ရေး အတွက် လှည့်လည်အသိပေးကြေညာခဲ့ကြောင်းနှင့် အသိပညာပေး လက်ကမ်း စာစောင်များဖြန့် ဝေပေးခဲ့ကြောင်းသိရသည်။

မန်းကျော်(ပြန်/ဆက်)