ခန္တီး စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ မှန်ပင်ကျေးရွာတွင် (၆၀'×၃၀'×၁၂') RC(၂)ထပ် ဘုန်းတော်ကြီးကျောင်း ဆောက်လုပ်ရန် အတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဘာသာရေးနှင့် သာသနာရေးအတွက် လှူဒါန်းထောက်ပံ့သည့် ငွေကျပ်သိန်း (၁၇၀) အား ယနေ့ မှန်ပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ရဲမင်း ဇော်က လှူဒါန်းငွေပေး အပ်ရခြင်း ရည်ရွယ်ချက်နှင့် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရမည့် နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ရဲမင်းဇော်နှင့် ခရိုင်သာသနာရေးမှူးဦးအောင်စံသူတို့က လှူဒါန်းငွေများကို မှန်ပင်ကျေးရွာ ဘုန်းတော်ကြီး ကျောင်း ကျောင်းထိုင်ဆရာတော် ဦးသီရိထံဆက်ကပ် လှူဒါန်းခဲ့ရာ ဆရာတော်မှ ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သီဟ(ခန္တီး)