မူဆယ်မြို့၌ ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာအား ဆေးရုံဆင်းခွင့်ပြု

မူဆယ်      စက်တင်ဘာ    ၂၅

တရုတ်နိုင်ငံ၊ ရွှေလီရဲဌာန၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဌာန၊ တာဝန်ရှိသူများက စက်တင်ဘာလ (၁၁) ရက်နေ့တွင် မြန်မာ-တရုတ်နှစ်နိုင်ငံ အဝင်/အထွက်ဂိတ် (နန်းတော်ဂိတ်) မှ ပြန်လည်လွှဲပြောင်းလာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား တစ်ဦးထံ၌ ကိုဗစ်-၁၉ ရောဂါတွေ့ရှိပြီး မူဆယ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံသစ်၌ စနစ်တကျ ဆေးကုသ လျက်ရှိရာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာခြင်းကြောင့် ယနေ့၊ မွန်းလွဲ()နာရီ အချိန်ခန့် က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ အတည်ပြု ပိုးတွေ့လူနာဟာ ကျန်းမာရေးကောင်းမွန်တဲ့အတွက် ဒီနေ့ မွန်းလွဲ ()နာရီ အချိန်မှာ မူဆယ်ခရိုင်၊ ပြည်သူ့ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပါပြီ၊ အခုတော့ မူဆယ်မြို့၊ ပြည်ထောင်စု အားကစားကွင်း (Quarantine Centre)မှာ ယာယီထားပါတယ်၊ ပြည်နယ်က ရောဂါကင်းရှင်းကြောင်း ဆေးရုံဆင်း လက်မှတ်ထုတ်ပေးတာနဲ့ ကျွန်တော်တို့ ကရုဏာ ယာဉ်နဲ့ သူ့ဇာတိမြို့ဖြစ်တဲ့ ကျောက်ဆည်မြို့ကို မနက်ဖြန်၊ မနက်ကျရင် ပြန်လည် ပို့ဆောင်ဖို့ စီစဉ်ဆောင်ရွက်ထားပါပြီလို့ မူဆယ်မြို့၊ ကရုဏာလူမှုကူညီရေးအသင်းဉက္ကဋ္ဌ ဦးသောင်းထွန်းက ပြောကြားသည်။

အဆိုပါ ဆေးရုံဆင်းခွင့်ရသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြု ပိုးတွေ့လူနာကို မိမိဒေသ၌ (Home Quarantine) ဖြစ် ()ရက်ကြာ ဆက်လက် ထားရှိမည်ဖြစ်ပြီး မူဆယ်မြို့၊ ခရိုင် ပြည်သူ့ဆေးရုံမှ ကိုဗစ်-၁၉ ရောဂါ အတည်ပြု ပိုးတွေ့လူနာ စုစုပေါင်း()ဦးကို အောင်မြင်စွာ ဆေးကုသပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)