မြောက်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အင်္ဂလိပ်စကားပြောသင်တန်းဖွင့်လှစ်
နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာစွမ်းရည်များ မြှင့်တတ်လာစေရန်ရည်ရွယ်၍ အင်္ဂလိပ်စကားပြောသင်တန်းကို ယမန်နေ့ နေလယ် ၁ နာရီက ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ပါသည်။