စစ်ကိုင်းမြို့ရှိ ရပ်ကွက်များသို့ ကျန်းမာရေးအသိပညာများ ရရှိနိုင်စေရန် အသံချဲ့စက်များဖြင့် လှည့်လည် နှိုးဆော်
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက် လျက်ရှိရာ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာဒါန Volunteer အဖွဲ့များ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ရပ်ကွက်ပြည်သူများသို့ ကျန်းမာရေးအသိပညာ များ နှိုးဆော်ပေးခဲ့ကြကြောင်း သိရသည်။