မအူပင် စက်တင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ဘန္ဒာပင်စျေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို မြို့နယ်စည်ပင်သာရေးကော်မတီအဖွဲ့တို့က ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထို့သို့စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က ဈေးအတွင်း ရောင်းချနေသော စျေးရောင်း၊ စျေးဝယ်များအား နှာခေါင်းစည်း(Mask) တပ်ဆင်ပြီးရောင်းချရန်၊ စျေးဝယ်သူများအနေဖြင့် နှာခေါင်းစည်း(Mask)တပ်ဆင်ပြီး စျေးအတွင်းဝင်ရောက်၍ စျေးဝယ်ယူရန်၊ စျေးအတွင်းမဝင်မီ လက်ဆေးပြီးမှ ဝင်ရောက်ရန် ဈေးရောင်းသူများနှင့် စျေးဝယ်သူများမှ လိုက်နာ ဆောင်ရွက်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးအစီအမံများ ဆောင်ရွက်ထားရှိ၍ စနစ်တကျ ရောင်းချခြင်း ရှိ/မရှိနှင့် ရောင်းချနေသော ဈေးသည်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်ခိုင်၊ အောင်မြင့်(မအူပင်)