ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်း၍ မြန်မာစီးပွားရေးဘဏ်နှင့် မြို့မဈေး၊ တမ္ပဝတီဈေးတို့တွင် Mask Campaign ပြုလုပ်

ကျောက်ပန်းတောင်း၊ စက်တင်ဘာ  ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် Book Club ၊ Woman Club နှင့် Youth Club လူငယ်များစုပေါင်း၍ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေး အထောက်အကူပြုစေရန်အတွက် ယမန်နေ့နံနက် ၉ နာရီခွဲက Mask Campaign ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်ကေခိုင်နှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းနှင့်ဝန်ထမ်းများ၊ Book Club ၊ Woman Club နှင့် Youth Club လူငယ်များစုစုပေါင်းအင်အား (၁၀) ဦးဖြင့်  မြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာထုတ်ယူနေကြသည့် နိုင်ငံဝန်ထမ်းဟောင်းများအား Face Mask များ အခမဲ့ဖြန့်ဝေခဲ့ကြပြီး မြို့မစည်ပင်သာယာဈေးကြီးဝန်းကျင်နှင့် တမ္ပဝတီဈေးသစ်တို့တွင် စုစုပေါင်း Face Mask အခုရေ(၁၅၀၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေ ပြင်းထန်လာမှုနှင့် ကြိုတင်ကာကွယ်ရေးအတွက် တစ်ဦးချင်းဆောင်ရွက်သင့်သည့် နည်းလမ်းများကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)