ညောင်ရွှေမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ညောင်ရွှေမြို့နယ်အတွင်းသို့ အဓိကဝင် ရောက်နိုင်သည့် နေရာနှစ်ခုတွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို

မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ဘုန်းတော်ကြီးကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်

(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပင်းတယမြို့တွင်း ဘုန်းတော်ကြီး ကျောင်းဝင်းနှင့် အနီးပတ်ဝန်းကျင်၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ရှမ်းပြည် တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၂၆ ရက်နံနက်ပိုင်း ကဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချင်းရွှေဟော်မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှနေရပ်ပြန်ပြည်သူ(၂၁)ဉီးထပ်မံဝင်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့် ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက် ရှိရာ ယမန်နေ့ညနေ(၄)နာရီအချိန်က နေရပ်ပြန်ပြည်သူ(၂၁)ဉီး ထပ်မံဝင်ရောက်လာခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်အချို့နှင့်စပါးခင်း၊ပြောင်းခင်းများ ရေနစ်မြုပ်မှုဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးခရိုင်၊သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာအုပ်စု၌ ယမန်နေ့ နံနက်(၁) နာရီအချိန်ခန့်က နမ့်စလပ်ကျေးရွာ အုပ်စုအတွင်းရှိ အရှည်ပေ(၁၀၀)ပေ ၊ အကျယ်(၃၀)ပေခန့်ရှိ သံကူကွန်ကရစ်တံတားပေါ်သို့ရေကျော်ကာ ၎င်းတံတားအောက် ဘက်ရှိ နေအိမ်(၃၆)လုံး ခန့်ရေ၀င်ခြင်း၊ နေအိမ်အချို့မှာခြံစည်းရိုးအုတ်တံတိုင်းများပြိုကျခြင်း၊လယ်ယာမြေစပါးခင်း၊ပြောင်းခင်း များ ရေနစ်မြုပ်ခြင်း များဖြစ်ပေါ်ခဲ့သည်။

အမာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင် ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီခန့်က အမာမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာန ဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ/ရပ်ဖများ တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့သည်။

ဖောင်းပြင်မြို့နယ်တွင် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ဖောင်းပြင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နိုင်ငံတော်မှ ချမှတ်ပေးသော ကိုဗစ်- ၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ငွေကျပ် သိန်း ၁၀၀ ထောက်ပံ့ပေးခြင်းနှင့်အတူ ကျေးရွာမှ ဖွံ့ဖြိုး ရေးလုပ်ငန်းများကို ကျေးရွာမှပြည်သူများကိုယ်တိုင် ဆောင်ရွက်စေ၍ လုပ်အားငွေများကို ပေးချေသည့် Cash For Work စီမံကိန်းလုပ်ငန်းများကို ကျေးရွာ ၆ ရွာ၌ ဇူလိုင်လ ၂၅ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်း ပြည့်ပြီးစီးနေပြီဖြစ်ပြီး စီမံကိန်းကို ဆောင်ရွက်ရာ၌ နေစားလုပ်ကိုင်သူများအား လုပ်အားငွေများကို ပေးချေပေးပြီးဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ်တွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာ ၂၀ တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ် သော မြေသားရေကန်တူးဖော်ခြင်း၊ ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေ ရန် Cash For Work စီးမံကိန်းဖြင့် ကျေးရွာ(၂၀) တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော မြေသား ရေကန်တူးဖော်ခြင်း၊ ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများနှင့် လမ်းဘေးဝယ်ယာ ရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မိုင်းယုမြို့၌ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေး ကွင်းဆင်း စစ်ဆေး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် မြို့အတွင်းရှိ ဖွင့်လှစ်ရောင်း ချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချနိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီခွဲက မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ အဖွဲ့တို့က အသိပေးခြင်းများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

Stay at Home ကာလအတွင်း ဒလမြို့နယ်ရှိ သင်္ဘောဆိပ်ကမ်းနှင့် ကားဂိတ်များ၌ လူသွားလူလာနည်းပါး

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ Stay at Home ကာလအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာနေထိုင်ကြသည့် ပြည်သူများ ရှိသလို၊ မဖြစ်မနေ သွားလာနေကြရသည့် ပြည်သူများ လည်းရှိရာ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က နေ့စဉ်လူစည်ကားရာနေရာဖြစ်သော သင်္ဘောဆိပ်ကမ်း၊ စက်တပ် သမ္ဗန်ကူးတို့ဆိပ်၊ ဒလမြို့နယ် အဝေးပြေးကားဝင်းနှင့် ကားလေးဂိတ်တို့တွင် လူသွားလူလာ နည်းပါးလျက်ရှိကြောင်း မြင်တွေ့ရသည်။

ဆီဆိုင်မြို့ရှိ စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအား Take-away စနစ်ဖြင့် ရောင်းချရေး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ရှိ စားသောက်ဆိုင် များနှင့် လက်ဘက်ရည်ဆိုင်များအား Take-away စနစ်ဖြင့် ရောင်းချရေး ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။
Subscribe to