ရေဖြူ စက်တင်ဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့ စည်ပင်သာယာဈေးအတွင်း ဈေးရောင်း ဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ လိုက်နာစေရန်နှင့် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ ယမန်နေ့ နံနက် ၈နာရီက ရေဖြူမြို့ စည်ပင်သာယာဈေးနှင့် မေတ္တာလမ်း၌ နှာခေါင်းစည်း (Mask)များ တပ်ဆင်စေရန် လူတစ်ဦးလျှင် နှာခေါင်းစည်း (Mask) သုံးခုစီ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာ ရေဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက အလှူရှင်တစ်ဦးလာရောက်လှူဒါန်းသော (Mask)နှင့်ဆပ်ပြာဆီများကို ရေဖြူမြို့ စည်ပင်သာယာဈေး အတွင်းရှိ ဈေးရောင်း ဈေးဝယ်သူများ၊ လမ်းသွားလမ်းလာ ဖြတ်သန်း သွားလာနေသူများအား နှာခေါင်းစည်း (Mask)စနစ်တကျ တပ်ဆင်စေရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ရန် အသိပညာပေး၍ နှာခေါင်းစည်း(Mask) ၆၀၀ ခုနှင့် ဆပ်ပြာဆီ (၅)ဗူးကို အခမဲ့ လိုက်လံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဖြူဖြူရှိန် (ရေဖြူ)