လှိုင်းဘွဲ၊ စက်တင်ဘာ ၂၆
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ကာလအတွင်းမှာ အာဟာရပြည့်ဝစွာ စားသုံးနိုင်ဖို့နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ကြက်ဥနှင့်Maskများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းက တာဝန်ထမ်းဆောင်နေသော ဝန်းထမ်းများအနေဖြင့် ကိုဗစ်-၁၉ကာလမှာ အလုပ်လုပ်ရာတွင် ဂရုတစိုက်ဆောင်ရွက်ရန်နှင့်ကျန်းမာရေးကိုဂရုစိုက်ကြရန် ပြောကြားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း(၃၀)ဦးအတွက် တစ်ဦးလျှင် ကြက်ဥ (၁၀) လုံးနှင့် Mask (၃) ခုတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)