နမ့်ဆန်၌ ခရိုင်အဆင့် မီးသတ်ရုံး အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာတည်ဆောက်ရန် မြေနေရာ ကြည့်ရှုတိုင်းတာခြင်းဆောင်ရွက်
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ခရိုင်အဆင့် မီးသတ်ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန် မြေနေရာကြည့်ရှုတိုင်းတာခြင်းကို စက်တင်ဘာလ ၂၆ ရက် မွန်းလွဲပိုင်းက ဒေသဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးဝင်းကျော်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်မီးသတ်တပ်ဖွဲ့ ညွှန်မှူးနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌနှင့်ဌာနဆိုင်ရာတို့က ကွင်းဆင်းကြည့်ရှုရာ မြေနေရာတိုင်းတာ စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့သည်။